နယူးယောက် ဗုံးခွဲမှု သံသယရှိသူကို ဖမ်းမိပြီ

ဓာတ်ပုံ မူပိုင် WABC
Image caption သူ့ကို ထမ်းစင်နဲ့ ခေါ်သွားတာကို သတင်း ဗီဒီယိုတွေမှာ တွေ့ရ။

နယူးယောက်မြို့ ဗုံးခွဲမှုအတွက် သံသယရှိသူ Ahmad Khan Rahami ကို နယူးဂျာစီ ပြည်နယ်က လင်ဒန်မြို့မှာ ဖမ်းမိလိုက်တယ်လို့ အမေရိကန် သတင်းတွေက ဆိုပါတယ်။

အဲဒီလူကို ထမ်းစင်နဲ့ သယ်ပြီး လူနာတင်ကားပေါ် တင်သွားတဲ့ ပုံတွေကို သတင်း ဗီဒီယိုမှာ တွေ့ရပါတယ်။

လင်ဒန်မြို့ဟာ တနင်္ဂနွေနေ့က ဖောက်ခွဲပစ္စည်းတွေ ထပ်တွေ့ရတဲ့ အဲလိဇဘက် မြို့ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။

အာမတ် ခန် ရာဟာမီ ဟာ အမေရိကန် နိုင်ငံသား ခံယူထားတဲ့ အာဖဂန် နွယ်ဖွား ဖြစ်ပြီး စနေနေ့က နယူးယောက် မင်ဟက်တန် အရပ်က ဗုံးခွဲမှု အတွက် သံသယရှိသူအဖြစ် အက်ဖ်ဘီအိုင်က ကြေညာထားသူ ဖြစ်ပါတယ်။

အဲလိဇဘက်မြို့က သူ့မိသားစု နေအိမ်ကိုလည်း ရဲက ဝင်ရောက် ရှာဖွေခဲ့ပါတယ်။

မင်ဟက်တန် ဒေသ၊ ချယ်ဆီးအရပ်မှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲမှုမှာ လူ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဖောက်ခွဲရေး ပစ္စည်းကိုလည်း အနီးတဝိုက်မှာ တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ