မြောက်ကိုရီးယား ဒုံးအင်ဂျင်သစ် စမ်းသပ် အောင်မြင်ဟုဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဒုံးအင်ဂျင်သစ် စမ်းသပ်တာကို ကင်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြ။

မြောက်ကိုရီးယား နိုင်ငံက ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ သုံးမယ့် ဒုံးပျံ အင်ဂျင် အမျိုးအစားသစ် တစ်မျိုးကို မြေပြင်မှာ စမ်းသပ် အောင်မြင် ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယီယာက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဂြိုဟ်တု တစ်လုံး လွှတ်တင်နိုင်ဖို့ အတွက် ပြင်ဆင်မှုတွေ အမြန်ဆုံး လုပ်ကြဖို့ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို ခိုင်းခဲ့တယ်လို့ KCNA သတင်းမှာ ဖော်ပြ ခဲ့ပါတယ်။

အခုနှစ်ထဲမှာ ဆက်တိုက် ပေါ်ပေါက် လာနေတဲ့ မြောက်ကိုရီးယား ဒုံးကျည်နဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေထဲမှာ အခု ဒုံးပျံ အင်ဂျင် စမ်းသပ်မှုက နောက်ဆုံး တစ်ခု ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားတို့ရဲ့ ငါးကြိမ်မြောက် နျူစမ်းသပ်မှုကို ကုလ သမဂ္ဂမှာ တင်သွင်းမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ကြဖို့ အမေရိကန်နဲ့ တရုတ် တို့ သဘောတူ ခဲ့ကြပါတယ်။

အခုလ အစောပိုင်းက မြေအောက်မှာ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား နျူစမ်းသပ်မှုဟာ အရင် ပြုလုပ်ခဲ့သမျှတွေထဲမှာ အင်အား အပြင်းဆုံး ဖြစ်တယ်လို့ ယူဆ ရပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေမှာ တိုးတက် အောင်မြင်မှုတွေကို အမြဲလိုလို ဖော်ပြ ပြောဆိုလေ့ ရှိပေမယ့် သီးခြား အတည်ပြုဖို့ ကတော့ မဖြစ်နိုင်ဘူးလို့ ဆန်းစစ်သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ