MH370 မီးလောင်ခဲ့တဲ့ ယူဆချက် သက်သေမပြနိုင်

ဓာတ်ပုံ မူပိုင် AUSTRALIA TRANSPORT SAFETY BUREAU

ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 ဟာ ပျက်မကျခင် မီးလောင်ခဲ့တယ် ဆိုတဲ့ ယူဆချက်ကို သြစတြေးလျ တာဝန်ရှိသူတွေက သံသယနဲ့ တုံ့ပြန် ပြောဆို လိုက်ပါတယ်။

မီးလောင် ထားတဲ့ အမှတ် လက္ခဏာတွေ ပါတဲ့ အပျက်အစီး အပိုင်းအစ တချို့ကို အခုလ အစောပိုင်းက မာဒါဂါစကာ ကျွန်းမှာ တွေ့ခဲ့ပြီးနောက် သြစတြေးလျ တာဝန်ရှိသူတွေက အခုလို ပြောလိုက်တာပါ။

အဲဒီ အပိုင်းအစတွေဟာ MH370 ရဲ့ အပိုင်းအစတွေ ဟုတ် မဟုတ်ကို သက်သေ မပြနိုင်သေးတဲ့ အပြင် အဲဒီမှာ ပါတဲ့ အမည်းကွက်တွေဟာလည်း မီးလောင်ရာတွေ မဟုတ်ဘူးလို့ အရာရှိတွေက ပြောပါတယ်။

လူ ၂၃၉ ယောက် လိုက်ပါပြီး ကွာလာလမ်ပူ ကနေ ဘေဂျင်းကို ပျံသန်းတဲ့ MH370 လေယာဉ်ဟာ ၂၀၁၄ မတ်လမှာ ပျောက်ဆုံး သွားခဲ့တာပါ။

အဲဒီ လေယာဉ်ဟာ မူလ လမ်းကြောင်းကနေ သွေဖည် သွားခဲ့ပြီးနောက် အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားခဲ့တယ်လို့ ယူဆ ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ