Yahoo ကို ဟက်ကာတွေ ဖောက်ထွင်းသွား

yahoo ဓာတ်ပုံ မူပိုင် Reuters
Image caption Yahoo အကောင့်တွေ ဖောက်ထွင်းခံရ

အင်တာနက် ဝက်ဘ် ကုမ္ပဏီ တခုဖြစ်တဲ့ Yahoo ရဲ့ အီးမေးလ် အကောင့် သန်း ၅၀၀ လောက် ဆီက အချက်အလက်တွေ ကို ဟက်ကာ တွေ က ဖောက်ထွင်း ခိုးယူသွားတယ် ဆိုတာကို Yahoo က အတည်ပြု ဝန်ခံလိုက်ပါတယ်။

အဲဒီ ၂၀၁၄ တိုက်ခိုက်မှု ဆိုတာ ကို နိုင်ငံအစိုးရတခု က စီစဉ်လုပ်ကိုင်ခဲ့တာလို့ သူတို့ယုံကြည်တဲ့အကြောင်း Yahoo ကုမ္ပဏီက ပြောပါတယ်။

အခိုးယူခံလိုက်ရတဲ့ အချက်အလက် တွေထဲမှာ အီးမေးလ်အကောင့် ပိုင်ရှင်တွေရဲ့ နာမည်တွေ၊ အီးမေးလ် လိပ်စာတွေ ၊ တယ်လီဖုန်းနံပတ်တွေ ၊ မွေးနေ့တွေ နဲ့ Pass Word တွေ ပါသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဘဏ် ကဒ်နံပတ်တွေ၊ ဘဏ် အကောင့်စာရင်းအချက်အလက်တွေတော့ ပါသွားပုံမရဘူး လို Yahoo က ပြောပါတယ်။

အီးမေးလ် အကောင့်ပိုင်ရှင်တွေကို Pass Word တွေ ပြောင်းထားဖို့လည်း Yahoo က အကြံပေးထားပါတယ်။