အလက်ပိုမှာ လေကြောင်း တိုက်ခိုက်မှုတွေ အသစ်ပြန်စ

ဓာတ်ပုံ မူပိုင် AP
Image caption ထိုးစစ် မကြေညာခင်ကလည်း သူပုန် နယ်မြေတွေကို အစိုးရက အပြင်းအထန် ဗုံးကြဲခဲ့။

ဆီးရီးယား အစိုးရက သူပုန်တွေ လက်ထဲက နယ်မြေတွေကို ပြန်သိမ်းဖို့ ထိုးစစ် တစ်ရပ် စတင်လိုက်ပြီလို့ ကြေညာခဲ့ပြီး နာရီပိုင်း အကြာမှာ အစိုးရ တိုက်လေယာဉ်တွေက အလက်ပို မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ အသစ် ပြန်စခဲ့ပါတယ်။

အလက်ပိုမြို့ အရှေ့ပိုင်းကို ဆီးရီးယားနဲ့ ရုရှား တိုက်လေယာဉ်တွေ တရစပ် ဗုံးကြဲချနေတယ်လို့ အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခြေအနေက ကမ္ဘာပျက် နေသလိုပဲလို့ ကယ်ဆယ်ရေး လုပ်သား တစ်ယောက်က ပြောပါတယ်။

အစောပိုင်းက ဆီးရီးယား အစိုးရက သူပုန် နယ်မြေတွေကို ရှောင်ကြဖို့ အများပြည်သူကို တိုက်တွန်း ခဲ့ပါတယ်။ ရုရှားကတော့ အခု တိုက်ခိုက်မှုတွေမှာ ပါ မပါ အတည်ပြု ပြောဆိုတာ မရှိပါဘူး။

ပျက်ပြားသွားခဲ့တဲ့ အပစ်ရပ် အစီအစဉ်ကို ပြန်အသက်သွင်းဖို့ အမေရိကန်နဲ့ ရုရှားတို့ ပြောဆို ညှိနှိုင်းမှုတွေ အရာ မရောက်ခဲ့ပါဘူး။

ရုရှား ကျောထောက် နောက်ခံပေးထားတဲ့ ဆီးရီးယား အစိုးရကို ရုရှားက မဟန့်တား နိုင်ဘူးလို့ အမေရိကန်က စွပ်စွဲသလို၊ ရုရှားကလည်း အမေရိကန် ထောက်ပံ့တဲ့ သူပုန်အဖွဲ့ကို အမေရိကန်က မဟန့်တား နိုင်ခဲ့ဘူးလို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ