ဂျော်ဒန် စာရေးဆရာ သတ်ဖြတ်ခံရ

jordan ဓာတ်ပုံ မူပိုင် AFP
Image caption စာရေးဆရာ တရားရုံးရှေ့မှာ ပစ်သတ်ခံရ

ဂျော်ဒန် နိုင်ငံ အမ္မန် မြို့တော်မှာ အစ္စလာမ်ကို စော်ကားမှု နဲ့ တရားစွဲခံရတဲ့ စာရေးဆရာ တယောက် တရားရုံးရှေ့မှာ ပစ်သတ်ခံခဲ့ရပါတယ်။

စာရေးဆရာ Nahid Hatter ရဲ့ Facebook ပေါ်မှာ အကြမ်းဖက်ဝါဒီတွေကို ရှုတ်ချတဲ့ ကာတွန်းတကွက်ကို ရှယ်ခဲ့လို့ တရားစွဲခံရတာပါ။

ဒီသတ်ဖြတ်မှုဟာ ဂျော်ဒန် အတွက် မကောင်းဘူးလို့ မစ္စတာ Hatter ရဲ့ မိတ်ဆွေ Dergham Halaseh က ပြောကြား ခဲ့ပါတယ်။

လူတယောက်ကို သာသနာဖျက် ဆိုပြီး ပုတ်ခတ်တိုက်ခိုက်တာတွေ ကို အားလုံး စုပေါင်း ဆန့်ကျင် ကြရမှာပါ၊ အစိုးရကလည်း ဒီလို မကောင်းတဲ့ အမူအကျင့်တွေကို ဖယ်ရှားပစ်ရပါမယ်လို့ ဆိုပါတယ်။

သူ တင်ခဲ့တဲ့ ကာတွန်းထဲမှာ IS တပ်သား တယောက်က အိပ်ရာပေါ်မှာ အမျိုးသမီး ၂ ယောက်နဲ့ လှဲလျောင်းနေတုန်း သူက ဘုရားသခင်ကို သောက်စရာ တခု ယူခိုင်းတဲ့ပုံ ဆွဲထားတာပါ။

မစ္စတာ Hatter ကို ကျည် ၃ တောင့်နဲ့ ပစ်ခတ်ခဲ့ပြီး သတ်ဖြတ်သူကို ဖမ်းထားတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ