ဆမ်အလာဒိုက်စ် အင်္ဂလန် အသင်း မန်နေဂျာ နေရာက နှုတ်ထွက်

sam_allardyce ဓာတ်ပုံ မူပိုင် z
Image caption မန်နေဂျာ ရာထူးကို မလျော်မညီ အသုံးချခဲ့တာ ထွက်ပေါ်လာ။

အင်္ဂလန် ဘောလုံး အသင်း မန်နေဂျာ ဆမ် အလာဒိုက်စ် ရာထူး ကနေ နှုတ်ထွက် သွားပါတယ်။

အင်္ဂလန် မန်နေဂျာ အဖြစ် ရွေးချယ် ခန့်အပ် ခံခဲ့ရတာ ၆၇ ရက် အကြာ၊ နိုင်ငံတကာ ပွဲ တစ်ပွဲ ကိုပဲ ကိုင်တွယ်ခဲ့ အပြီးမှာ အလာဒိုက်စ် တစ်ယောက် အခုလို နှုတ်ထွက် သွားတာ ဖြစ်ပါတယ်။

သူ့ရဲ့ အပြုအမူဟာ အင်္ဂလန် မန်နေဂျာ နေရာနဲ့ မလျော်ညီဘူးလို့ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် FA က ပြစ်တင် ပြောဆိုပါတယ်။

ဒေါ်လာ ၅ သိန်း တန်ဖိုး ရှိတဲ့ သဘောတူမှု တစ်ခု ရရှိအောင် ဆမ် အလာဒိုက်စ်ဟာ သူ့ရဲ့ မန်နေဂျာ ရာထူးကို အသုံးပြုပြီး ညှိနှိုင်း တာတွေ ပြုလုပ် ခဲ့တယ်လို့ အင်္ဂလိပ် သတင်းစာ the Daily Telegraph က လျှို့ဝှက် ထောက်လှမ်း ဖော်ထုတ် ခဲ့ပါတယ်။

ကစားသမား အပြောင်းအရွှေ့ ကိစ္စတွေမှာ FA ရဲ့ စည်းမျဉ်း တွေ ကနေ ဘယ်လို လက်တလုံးခြား လုပ် ရှောင်လွှဲ နိုင်သလဲ ဆိုတာ ကို အလာဒိုက်စ် က သူ အကြံပေး နိုင်တယ် ဆိုပြီး ကမ်းလှမ်း ခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ အလာဒိုက်စ် ဟာ သူ ကြီးကျယ်တဲ့ အမှားအယွင်း ပြုလုပ်ခဲ့တယ် ဆိုတာကို လက်ခံ ခဲ့ပြီး တောင်းပန် ခဲ့တယ်လို့ FA ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

အင်္ဂလန် ရာထူး နေရာက ချက်ခြင်း နှုတ်ထွက်ပေးဖို့လည်း အလာဒိုက်စ် က FA နဲ့ကြား အပြန်အလှန် သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ