မာလီ စစ်သွေးကြွတစ်ဦးကို ICC က ထောင် ၉နှစ် ချမှတ်

ဓာတ်ပုံ မူပိုင် EPA
Image caption ပြစ်မှုအတွက် နောင်တရပြီး ပြစ်ဒဏ် လျှော့ပေါ့ပေးဖို့ Ahmad al-Faqi al-Mahdi က ပြောခဲ့။

မာလီ နိုင်ငံ၊ တင်ဘက်တူ မြို့က သမိုင်းဝင် ဂူဗိမာန် အဆောက်အအုံတွေကို ဖျက်ဆီးခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွ တစ်ယောက်ကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက ထောင်ဒဏ် ၉ နှစ် ချမှတ် လိုက်ပါတယ်။

Ahmad al-Faqi al-Mahdi ဆိုသူဟာ ၂၀၁၂ ခုနှစ်က မာလီ မြောက်ပိုင်းကို အစ္စလာမ္မစ် စစ်သွေးကြွတွေ သိမ်းထားစဉ်အတွင်း ရှေးဟောင်း ဂူဗိမာန်တွေကို ဖျက်ဆီးရာမှာ ဦးဆောင်ခဲ့တယ် ဆိုပြီး ပြစ်မှု ထင်ရှား ခဲ့တာပါ။

မစ္စတာ Al-Mahdi က အဲဒီ အမှုအတွက် ဝန်ခံ နောင်တရတဲ့ပုံ ပြသသွားခဲ့ပြီး သူ့လို မကျူးလွန်ဖို့ တခြား လူတွေကိုလည်း တိုက်တွန်း သွားပါတယ်။

ဒီအမှုဟာ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖျက်ဆီးမှုကို စစ်ရာဇဝတ်မှု အဖြစ် ရုံးတင် စီရင်တဲ့ ပထမဆုံး အမှု ဖြစ်လာပါတယ်။

ဒါ့အပြင် အစ္စလာမ္မစ် စစ်သွေးကြွ တစ်ယောက်ကို နိုင်ငံတကာ တရားရုံးမှာ ပထမဆုံး ရုံးတင် စစ်ဆေးတဲ့ အမှုလည်း ဖြစ်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ