အသတ်ခံရတဲ့ သီရိလင်္ကာ အယ်ဒီတာ အလောင်းကို ပြန်ဖော်

Image caption အလောင်း ပြန်ဖော်ပြီးမှ သတင်းသမားတွေကို အုတ်ဂူအနီး လာခွင့်ပေး။

သီရိလင်္ကာ နိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ သတင်းစာ အယ်ဒီတာ တစ်ယောက်ရဲ့ အမှုကို အသစ်ပြန် စုံစမ်း စစ်ဆေးဖို့အတွက် သူ့ရဲ့ ရုပ်အလောင်းကို ရဲတွေက ပြန်ဖော် ခဲ့ပါတယ်။

အသတ်ခံခဲ့ရတဲ့ Lasantha Wickrematunge ဆိုသူဟာ သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာ လက်ထက်က အစိုးရကို ဝေဖန်တဲ့ Sunday Leader သတင်းစာရဲ့ အယ်ဒီတာ ဖြစ်ပါတယ်။

သူဟာ ၂၀၀၉ ခုနှစ်မှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီ မတိုင်ခင် ကတည်းက သူ့ကို အစိုးရက သတ်လိမ့်မယ်လို့ သူကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ရာဂျာပက်ခ်ဆာရဲ့ အစိုးရက အဲဒီ စွဲချက်ကို ငြင်းဆို ခဲ့ပါတယ်။

အခု သူ့ အလောင်းကို ပြန်ဖော်ပြီး သေဆုံးရတဲ့ အကြောင်းကို အသစ်ပြန် စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတော့ စစ်ထောက်လှမ်းရေး အရာရှိ တစ်ယောက်ကို ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ခဲ့ပါတယ်။

လာစန်သာ အသတ်ခံရမှုဟာ သီရိလင်္ကာမှာ မီဒီယာတွေ အပေါ် ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားချိန်က ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

တမီ ကျားသူပုန်တွေကို နှိမ်နင်းစဉ်အတွင်း အစိုးရ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူကိုင်တွယ်တဲ့ သတင်းစာက ဝေဖန် ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ