အမေရိကန် နယူးဂျာဆီပြည်နယ်မှာ ရထားတိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption ရထားတွဲတွေ အတော်များများ ထိခိုက်ပျက်စီး

အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ်မှာ ဘူတာရုံတခုထဲ လူစီးရထားတစီး ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူတဦးသေဆုံးပြီး လူတရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နယူးယောက်မြို့ရဲ့ မြစ်တဖက်ကမ်းက Hoboken ဘူတာရုံမှာ ရထားဟာ အရှိန်မထိန်းနိုင်ဘဲ ရထားလမ်းအဆုံး ကွန်ကရက် အကာအရံကို ကျော်ပြီး ဘူတာရုံထဲက လက်မှတ်ရောင်းတဲ့နေရာနဲ့ ခရီးသည်တွေနားတဲ့ နေရာအထိ ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

မနက်ပိုင်း လူသွားလူလာ များတဲ့ အလုပ်သွားချိန်မှာ အခုလို ရထားတိုက်ခဲ့တာဖြစ်ပြီး ရထားတွဲတွေ အတော်များများ ထိခိုက်ပျက်စီးခဲ့သလို ဘူတာရုံ အမိုး တစိတ်တပိုင်းပြိုကျသွားတယ်လို့ ဆိုပါတယ်။

နယူဂျာဆီမြို့တော်ဝန်က လူတဦးသေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပြီး ရထားအင်ဂျင်နီယာကိုတော့ ဆေးရုံတင်ထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ