ဆေးပညာဆိုင်ရာ နိုဘယ်ဆု ဆဲလ် ဇီဝပညာရှင် ရရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၆ ဆေးပညာ နိုဘယ်ဆုကို ဂျပန် နိုင်ငံသား ပါမောက္ခ ယိုရှီနိုရီ အိုဆုမိက ရရှိ။

၂၀၁၆ အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကို ဆဲလ်တွေ အကြောင်း အထူးပြု လေ့လာတဲ့ ဇီဝဗေဒ ပညာရှင် ဂျပန် နိုင်ငံသား ပါမောက္ခ ယိုရှီနိုရီ အိုဆုမိက ရရှိသွားပါတယ်။

ဆဲအဟောင်းတွေ ပျက်စီးပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်တဲ့ Autophagy လို့ ခေါ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက် တွေကြောင့် အခုလို ဆေးပညာ နိုဘယ်ဆုကို ရသွားတာပါ။

သူက အဲဒီ Autophagy ဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇတွေကို တွေ့ရှိခဲ့တာပါ။

ဒေါက်တာ အိုဆုမိရဲ့ လုပ်ဆောင်ချက်တွေ အရေးပါရတဲ့ အကြောင်းက အဲဒီ မျိုးဗီဇတွေမှာ ချို့ယွင်းချက်တွေ ရှိခဲ့ရင် ကင်ဆာ ရောဂါ ကနေ ဆီးချိုရောဂါ၊ ဦးနှောက်နဲ့ အာရုံကြော ရောဂါ၊ ပါကင်ဆန် ရောဂါတွေအထိ ဖြစ်ပွားစေတယ် ဆိုတာကို သိရှိ နားလည် လာစေတဲ့အတွက် ဖြစ်ပါတယ်။

မနှစ်က ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကိုတော့ ငှက်ဖျား ရောဂါနဲ့ အပူပိုင်း ဒေသတွေမှာ ဖြစ်တဲ့ ရောဂါတွေ အတွက် ကုထုံးတွေ ထုတ်ဖော် ပေးခဲ့တဲ့ ပညာရှင် ၃ ဦးက ပူးတွဲ ရရှိခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ