ပလူတိုနီယံ လျှော့ချရေး သဘောတူညီချက် ရုရှား ဆိုင်းငံ့

ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှားရဲ့ Topol ဒုံးကျည်တွေလို နျူကလီးယား ထိပ်ဖူးတွေမှာ ပလူတိုနီယံကို အသုံးပြု။

ရုရှားနဲ့ အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး ပိုဆိုးလာတဲ့ လက္ခဏာ အဖြစ် သူတို့ နှစ်နိုင်ငံ အကြား သဘောတူ ထားခဲ့တဲ့ နျူလက်နက် ထုတ်နိုင်တဲ့ ပလူတိုနီယံ လျှော့ချရေး သဘောတူညီ ချက်ကို ရုရှားဘက်က ဆိုင်းငံ့ လိုက်ပါတယ်။

ဒီလို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ရတာဟာ အမေရိကန် တို့ရဲ့ မိတ်ဆွေ မပီသတဲ့ ဆောင်ရွက်ချက် တွေကြောင့်လို့ သမ္မတ ဗလာဒီမီယာ ပူတင် ထုတ်ပြန်တဲ့ အမိန့်စာထဲမှာ ဖော်ပြ ပါရှိပါတယ်။

ပလူတိုနီယံ လျှော့ချရေး သဘောတူညီချက်ကို လွန်ခဲ့တဲ့ ၁၆ နှစ်က ပထမဆုံး လက်မှတ် ထိုးခဲ့တာပါ။

အဲဒီ သဘောတူညီချက် ထဲက အတိုင်း အမေရိကန်တို့ ဘက်က အတိအကျ လိုက်နာခြင်း မရှိဘူးလို့ သမ္မတ ပူတင်က စွပ်စွဲ ပြောဆိုပါတယ်။

၂၀၁၀ မှာတော့ ရုရှားရော အမေရိကန် နှစ်နိုင်ငံ စလုံးက ပလူတိုနီယံ တန်ချိန် ၃၀ ကျော်စီ လျှော့ချမယ် ဆိုတဲ့ သဘောတူညီချက်ကို ထပ်မံ ရေးထိုး ကတိပြု ထားခဲ့ကြတာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်က ခရိုင်းမီးယား ဒေသကို ရုရှားက ယူကရိန်း ဆီကနေ ထုတ်ယူခဲ့သလို ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကို ရုရှားက ထောက်ပံ့ ခဲ့တဲ့အတွက် အမေရိကန်နဲ့ ရုရှား အကြား ဆက်ဆံရေး ပိုမို ဆိုးရွား လာစေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ