ကိုလံဘီယာ အစိုးရနဲ့ သူပုန် ပြန်ဆွေးနွေး

columbia farc ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်တွင်းစစ် ရပ်စဲဖို့ အားလုံးက လိုလား

ကိုလံဘီယာ အစိုးရနဲ့ FARC သူပုန်တွေကြား ငြိမ်းချမ်းရေး သဘောတူညီမှု ပြန်လည် တည်ဆောက်ဖို့ ဆွေးနွေးပွဲတွေ ပြန်စနေ ပါပြီ။

တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ လူထု ဆန္ဒခံယူပွဲမှာ အရင် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပယ်ချ ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့က ဒီလို ပယ်ချအောင် တိုက်တွန်းခဲ့တဲ့ ခေါင်းဆောင်တွေ လက်ထဲမှာ ရှိတယ်လို့ ကိုလံဘီယာ နိုင်ငံခြားရေး ဝန်ကြီး မာရီယာ အန်ဂျလာ ဟိုလ်ဂင်း က ပြောပါတယ်။

သူတို့နဲ့ တွေ့ပြီး သူတို့ဘက်က ဘာကြောင့် ကန့်ကွက်တယ် ဆိုတာကို နားထောင်မှာပါ၊ သူတို့ ဘာကြောင့် လူတွေ ငြိမ်းချမ်းရေးကို လက်မခံအောင် စည်းရုံးခဲ့သလဲ သူတို့မှာပဲ တာဝန်ရှိပါတယ်လို့ ကိုလံဘီယာ နိုင်ငံခြားရေး ဝန်ကြီး က ဆိုပါတယ်။

ကျူးဘား နိုင်ငံ ဟာဗားနား မြို့တော်မှာလည်း ကိုလံဘီယာ အစိုးရနဲ့ သူပုန် ၂ ဘက် ကိုယ်စားလှယ် တွေ တွေ့ဆုံ နေကြတာပါ။

ကိုလံဘီယာ ရဲ့ နှစ် ၅ဝ ကြာ ပြည်တွင်းစစ် ရပ်စဲဖို့ အားလုံးက လိုလားကြပေမယ့် ငြိမ်းချမ်းရေး သဘောတူညီမှု အတွက် ပြန်ဆွေးနွေးဖို့ အတိုက်အခံတွေက တောင်းဆိုနေပါတယ်။

ဒီအုပ်စုရဲ့ ခေါင်းဆောင် မစ္စတာ အူရီဘေးနဲ့ မကြာခင် တွေ့မယ်လို့ ကိုလံဘီယာ သမ္မတ ဟွမ်မန်နူရယ် ဆန်တော့စ်က ပြောပါတယ်။

ဘယ်အချက်တွေကို သူတို့ဘက်က လက်မခံနိုင်ဖြစ်နေသလဲ ဆိုတာကိုလည်း အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဒီ ကန့်ကွက်တဲ့ဘက်တို့ တွေ့ဆုံ ပြောဆို ကြမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ