ထူးခြားဒြပ်၊ ရူပဗေဒ နိုဘယ်ဆု ရရှိ

ဓာတ်ပုံ မူပိုင် OTHER
Image caption (ဝဲမှယာ) David Thouless၊ Duncan Haldane နဲ့ Michael Kosterlitz

၂၀၁၆ ခုနှစ်အတွက် ရူပဗေဒ ဆိုင်ရာ နိုဘယ်ဆုကို ဒြပ်ပစ္စည်းရဲ့ ထူးခြားတဲ့ ဖွဲ့စည်းမှု အခြေအနေတွေ အကြောင်း ထုတ်ဖော်ခဲ့တဲ့ ဗြိတိန်ဖွား သိပ္ပံပညာရှင် ၃ ဦးက ပူးတွဲ ရရှိသွားပါတယ်။

အမေရိကန် တက္ကသိုလ်တွေမှာ ထမ်းဆောင်နေတဲ့ ဗြိတိန်ဖွား David Thouless၊ Duncan Haldane နဲ့ Michael Kosterlitz တို့ ၃ ဦးဟာ ဒီဆုအတွက် ဆုကြေးငွေ ပေါင် ၇ သိန်းကျော်ကို ပူးတွဲ ရရှိမှာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးစလုံးဟာ ဒြပ်ပစ္စည်းရဲ့ ရှားရှားပါးပါး အခြေအနေတွေမှာ ပေါ်ပေါက်တဲ့ ထူးဆန်းတဲ့ အကျိုးဆက်တွေ အကြောင်းကို သင်္ချာနည်း သုံးပြီး တွက်ထုတ် ရှင်းပြ ခဲ့ကြတာပါ။

သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အီလက်ထရောနစ် ပစ္စည်းတွေ တိုးတက် ပြောင်းလဲ လာနိုင်သလို စူပါ မြန်နှုန်းမြင့် ကွန်ပျူတာ တွက်ချက်မှုတွေ အတွက်လည်း နည်းလမ်းတစ်ခု အထောက်အပံ့ ဖြစ်စေခဲ့ပြီး ဖြစ်ပါတယ်။

သူတို့ရဲ့ ထုတ်ဖော်ချက်တွေက ဘယ်သူမှ မသိသေးတဲ့ လောကတစ်ခုကို တံခါးဖွင့် ပေးခဲ့တာလို့ နိုဘယ်ဆု ပေးတဲ့ ကော်မတီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ